back

ပို့ကုန်ရငွေဖြေလျှောမှုနဲ့အတူ ပဲအဝင်နည်းလို့ မတ်ပဲနဲ့ ပဲစဥ်းငုံနီ စျေးကွက်ဆက်တိုက်မြင့်တက်လာ

Jan 26 • 3:10 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပို့ကုန်ရငွေဖြေလျှောမှုနဲ့အတူ ပဲအဝင်နည်းလို့ မတ်ပဲနဲ့ ပဲစဥ်းငုံနီ စျေးကွက်ဆက်တိုက်မြင့်တက်လာ

ပြည်ပပို့ကုန် ပဲမျိုးစုံစျေးကွက်မှာ မတ်ပဲနဲ့ ပဲစဥ်းငုံနီက စျေးနူန်း ဆက်တိုက်မြင့်တက်လာပြီး အရောင်းအဝယ် သွက်နေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့ကစ...

ပြည်ပပို့ကုန် ပဲမျိုးစုံစျေးကွက်မှာ မတ်ပဲနဲ့ ပဲစဥ်းငုံနီက စျေးနူန်း ဆက်တိုက်မြင့်တက်လာပြီး အရောင်းအဝယ် သွက်နေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့ကစပြီး ပို့ကုန်ရငွေရဲ့ ၂၅ ရာခိုင်နူန်းကို ဗဟိုဘဏ်သတ်မှတ် စျေးနူန်းနဲ့ ကျပ်ငွေလဲလှယ်မှုကနေ ၁၅ ရာခိုင်နူန်းကိုသာ ကျပ်ငွေလဲလှယ်ဖို့ ဖြေလျှော့သတ်မှတ်ပြီး နောက်ပိုင်းကစလို့ ပြည်တွင်းပဲစျေးကွက်မှာ မတ်ပဲနဲ့ ပဲစဥ်းငုံနီ စျေးနူန်း ဆက်တိုက်မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။ ဒါအပြင် လက်ရှိကာလက ဆောင်းမတ်ပဲအသစ်နဲ့ ပဲစဥ်းငုံနီအသစ်တွေ စျေးကွက်ထဲကို ဝင်ရောက်မှု နည်းပြီး ပြည်တွင်းရှိ လှောင်လက် ကုန်သည်နဲ့ ပြည်ပက ဝယ်လိုအား ရှိနေတာကြောင့်လည်း စျေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။ ဒါကြောင့် ပို့ကုန်ရငွေဖြေလျှော့မှုအပြီး ၁၇ ရက်လောက်အတွင်းမှာ မတ်ပဲတတန်ကို တသိန်းလေးသောင်းကျပ်လောက် စျေးတက်လာတာ ဖြစ်ပါတယ်။ အလားတူ ပဲစဥ်းငုံနီ အဟောင်း ( ၂၀၂၅ ခုနှစ်)ကလည်း တတန်ကို နှစ်သိန်းခြောက်သောင်းကျပ်လောက် စျေးနူန်းတက်လာပြီး ၂၀၂၆ ခုနှစ်ထွက် ပဲစဥ်းငုံနီ အသစ်ကလည်း တတန်ကို နှစ်သိန်းငါးသောင်းကျပ်ကျော် မြင့်တက်လာပါတယ်။

news-view-count-icon

72