MPT က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ “၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေးအစီအစဉ်” ကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုရှိ MPT ရုံးများတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ နည်းပညာ တက္ကသိုလ် (၁၆) ခုမှ ကျောင်းသား/ကျောင်းသူ ၅၀၀ နီးပါး တက်ရောက်လေ့လာခဲ့ကြပါသည်။ လုပ်ငန်းခွင်တွင်အမှန်တကယ်အသုံးချနေသည့် နည်းပညာများနှင့် ထိတွေ့ခွင့်ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက်ရောက်လေ့လာခဲ့သည့် ကျောင်းသား/သူ စုစုပေါင်း ၂,၈၀၀ ကျော်ကို သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။
MPT သည် တစ်နိုင်ငံလုံးရှိ ကျောင်းသား/သူ စုစုပေါင်း ၄၇၃ ဦးအတွက် နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းခွင် လေ့လာရေးအစီအစဉ်များကို ပံ့ပိုးပေးခဲ့ပြီး ပညာရပ်ဆိုင်ရာ သီအိုရီများနှင့် လက်တွေ့လုပ်ငန်းခွင် အသုံးချမှု များအကြား လိုအပ်ချက်များကို သင်ကြားပြသပေးခဲ့ပါသည်။ သိသာထင်ရှားသည့် အားထုတ်မှုတစ်ခုအဖြစ် အီလက်ထရွန်းနစ် နည်းပညာသုံးပညာရေး ပလက်ဖောင်းအစီအစဉ် https://csrelearning.mpt.com.mm/ မှတစ်ဆင့် မြန်မာနိုင်ငံရှိ ပညာသင်ကြားလိုသူ လူငယ်များ ဒေတာကုန်ကျစရိတ်နှင့် သင်တန်းကြေး ပေးရန်မလိုဘဲ အခမဲ့လေ့လာသင်ယူနိုင်မည့် ပညာရေးအစီအစဉ်ကိုလည်း ဆောင်ရွက်ထားပါသည်။


