စင်ကာပူနိုင်ငံ Woodlands Street 83 မှာရှိတဲ့ အထပ်မြင့်ကားပါကင်တစ်ခုမှာ ငှားရမ်းထားတဲ့ ကားတစ်စီး ခိုးယူခံရမှုနဲ့ ပတ်သက်ပြီး အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဇန်နဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်ကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားမောင်းသူဟာ သူငှားရမ်းထားတဲ့ကားကို အဆိုပါ ကားပါကင်မှာ ရပ်နားခဲ့ပါတယ်။ အဲဒီလိုရပ်နားစဉ်မှာ ကားသော့ကို ကားဘီးတစ်ခုပေါ်မှာ တစ်ညလုံး ဒီအတိုင်း တင်ထားခဲ့မိရာကနေ အခိုးခံလိုက်ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ သိရပါတယ်။ဒီအမှုမှာ ကားပိုင်ရှင် သို့မဟုတ် ကားငှားရမ်းထားသူရဲ့ ပေါ့ဆမှု ဖြစ်ပြီး ကျူးလွန်သူအနေနဲ့ မော်တော်ယာဉ်ခိုးယူမှုနဲ့ ပြစ်မှုထင်ရှားခဲ့ရင်တော့ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်သလို ဒဏ်ငွေလည်း ရိုက်ခံရနိုင်ပါတယ်။ ဒါကြောင့် ကားပိုင်ရှင်တွေအနေနဲ့ မိမိတို့ရဲ့ တန်ဖိုးရှိပစ္စည်းတွေနဲ့ ကားသော့တွေကို လူသူမရှိတဲ့နေရာမှာ ပေါ့ဆစွာ ထားခဲ့ခြင်းမပြုဖို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။



