back

စင်ကာပူတွင် နှစ်ရက်အတွင်း သက်ကြီးရွယ်အို နှစ်ဦး နေအိမ်၌ တစ်ဦးတည်း ဆုံးပါးနေသည်ကို တွေ့ရှိ

Jan 26 • 2:07 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူတွင် နှစ်ရက်အတွင်း သက်ကြီးရွယ်အို နှစ်ဦး နေအိမ်၌ တစ်ဦးတည်း ဆုံးပါးနေသည်ကို တွေ့ရှိ

စင်ကာပူနိုင်ငံ Geylang အရပ်ရှိ Pipit Road က အငှားအိမ်ရာတစ်ခုမှာ အသက် (၉၄) နှစ်အရွယ် အဘိုးအိုတစ်ဦး နေအိမ်မှာတင် တစ်ဦးတည်း ဆုံးပါးနေတာကို ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ...

စင်ကာပူနိုင်ငံ Geylang အရပ်ရှိ Pipit Road က အငှားအိမ်ရာတစ်ခုမှာ အသက် (၉၄) နှစ်အရွယ် အဘိုးအိုတစ်ဦး နေအိမ်မှာတင် တစ်ဦးတည်း ဆုံးပါးနေတာကို ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရှိခဲ့ရပါတယ်‌။ တရုတ်နှစ်သစ်ကူးအတွက် စားသောက်ဖွယ်ရာတွေ လိုက်လံဝေငှနေတဲ့ စေတနာ့ဝန်ထမ်းတွေဟာ အဆိုပါအဆောက်အအုံရဲ့ (၈) လွှာမှာရှိတဲ့ အဘိုးအိုရဲ့ အခန်းတံခါးကို ခေါက်ခဲ့ပေမဲ့ ပြန်လည်ထူးခြင်းမရှိတာကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ရာကနေ အလောင်းကို တွေ့ရှိခဲ့တာပါ‌။ အဘိုးအိုဟာ အဲဒီအိမ်မှာ တစ်ဦးတည်းနေထိုင်လာတာ ၁၀ နှစ်ကျော်ရှိပြီဖြစ်ပြီး ပိတ်ရက်တွေမှာတောင် ဆွေမျိုးမိတ်ဆွေ လာရောက်ကြည့်ရှုသူမရှိဘူးလို့ သိရပါတယ်‌။ဒီဖြစ်ရပ်မတိုင်ခင် တစ်ရက်အလို ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း Tampines Street 23 က Block 227 အဆောက်အအုံရဲ့ (၇) လွှာမှာ အသက် (၆၇) နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်မှာတင် ဆုံးပါးနေတာကို တွေ့ရှိခဲ့ပါသေးတယ်‌။ နေ့လယ်စာ ထမင်းချိုင့်လာပို့တဲ့ လူမှုဝန်ထမ်းက အိမ်တံခါးမှာ မနေ့ကပို့ထားတဲ့ ထမင်းချိုင့် မသိမ်းရသေးဘဲ ချိတ်လျက်သားဖြစ်နေတာကို တွေ့ရှိရာကနေ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ‌။ သေဆုံးသူဟာ အရပ်ပုတဲ့ မျိုးဗီဇချို့ယွင်းချက် (Dwarfism) ရှိသူဖြစ်ပြီး အိမ်နီးချင်းတွေနဲ့တော့ ရင်းနှီးမှုရှိတယ်လို့ သိရပါတယ်‌။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ဒီသေဆုံးမှု နှစ်ခုစလုံးမှာ လူသတ်မှုနဲ့ ပတ်သက်တဲ့ သံသယဖြစ်ဖွယ်ရာ မတွေ့ရှိရဘူးလို့ အတည်ပြုထားပါတယ်‌။

news-view-count-icon

5