back

ချင်းမိုင်မှာ ရန်ပွဲဖန်တီးရန် စုဝေးနေသည့်"အရက်ဖြူဂိုဏ်း" ကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိ

Jan 26 • 2:06 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ချင်းမိုင်မှာ ရန်ပွဲဖန်တီးရန် စုဝေးနေသည့်"အရက်ဖြူဂိုဏ်း" ကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လူစုလူဝေးပြုလုပ်ပြီး ပြစ်မှုကျူးလွန်ဖို့ ပြင်ဆင်နေတဲ့ "အရက်ဖြူဂိုဏ်း" (Lao Khao) လို့ အမည်ပေးထားတဲ့ လူငယ် (တိုင်းယိုင်) အုပ်စု...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လူစုလူဝေးပြုလုပ်ပြီး ပြစ်မှုကျူးလွန်ဖို့ ပြင်ဆင်နေတဲ့ "အရက်ဖြူဂိုဏ်း" (Lao Khao) လို့ အမည်ပေးထားတဲ့ လူငယ် (တိုင်းယိုင်) အုပ်စုကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။ဇန်နဝါရီ ၂၄ ရက် ညပိုင်းမှာ အမှတ် (၅) နယ်မြေရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးချုပ်ရဲ့ ညွှန်ကြားချက်အရ ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့နဲ့ Chang Phueak ရဲစခန်းတို့ ပူးပေါင်းပြီး ဒီဂိုဏ်းကို ဝင်ရောက်စီးနင်းခဲ့တာပါ။ ဖမ်းဆီးမှုအတွင်း အထောက်အထားမရှိတဲ့ လူငယ် ၂ ဦး အပါအဝင် သျှမ်းလူငယ် စုစုပေါင်း ၁၃ ဦးကို ဖမ်းဆီးရမိပြီး ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း၊ ဓား၊ လက်သီးကွင်းနဲ့ လေးခွတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါ့အပြင် တရားမဝင် ပြုပြင်မွမ်းမံထားတဲ့ ဆိုင်ကယ် ၇ စီးကိုလည်း သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ဖမ်းဆီးရမိတဲ့ လူငယ် ၁၃ ဦးကို နောင်မှာ ပြစ်မှုကျူးလွန်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ဖို့အတွက် ရဲစခန်းမှာ ကိုယ်ရေးရာဝင်မှတ်တမ်း (Criminal Record) ပြုလုပ်ထားပါတယ်။ အခုလို ပြည်ပရောက် မြန်မာနိုင်ငံသား အချို့ရဲ့ မဆင်မခြင် ပြုမူမှုတွေဟာ ထိုင်းနိုင်ငံမှာ အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားထု တစ်ရပ်လုံးရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်။ လက်နက်တွေ၊ ဗုံးတွေနဲ့ ရန်ပွဲဖန်တီးဖို့ ကြိုးစားတာဟာ ထိုင်းအာဏာပိုင်တွေရဲ့ ပိုမိုတင်းကျပ်တဲ့ စစ်ဆေးမှုတွေကို ဖိတ်ခေါ်လိုက်သလို ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာ အများစုက မှတ်ချက်ပေးနေကြပါတယ်။

news-view-count-icon

18