back

မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၆၅ ဦးကို ပြန်လည်ပို့ဆောင်

Jan 26 • 3:55 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၆၅ ဦးကို ပြန်လည်ပို့ဆောင်

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၆၅ ဦးအပါအဝင် နိုင်ငံခြားသားအကျဉ်းသား ၁၃၁...

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၆၅ ဦးအပါအဝင် နိုင်ငံခြားသားအကျဉ်းသား ၁၃၁ ဦးကို ယနေ့ ဇန်နဝါရီ ၂၆ ရက်တွင် ၎င်းတို့၏ မိခင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါပြန်လည်ပို့ဆောင်ရေးတွင် ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အိန္ဒိယ၊ နီပေါ၊ အီရတ်နှင့် ယီမင်နိုင်ငံသားများလည်း ပါဝင်ပြီး ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နယ်စပ်ဂိတ်များမှတစ်ဆင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ပြန်လည်ပို့ဆောင်ခံရသူအားလုံးကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၏ နာမည်ပျက်စာရင်း (Blacklist) သွင်းလိုက်ပြီး သတ်မှတ်ကာလအတွင်း နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားကြောင်း သိရှိရပါသည်။

news-view-count-icon

31