back

ပအိုဝ်းဒေသတွင် ရွာတွင်းသို့ဝင်လာကာ စက်ဖြင့်ဆေးစစ်ပေးမည်ဆိုပြီး ရောဂါအလိုက် သိန်းချီငွေယူ လုပ်စားခံနေရ

Jan 26 • 2:01 AM

breaking-news

မြန်မာ

ရှမ်း

cover

ပအိုဝ်းဒေသတွင် ရွာတွင်းသို့ဝင်လာကာ စက်ဖြင့်ဆေးစစ်ပေးမည်ဆိုပြီး ရောဂါအလိုက် သိန်းချီငွေယူ လုပ်စားခံနေရ

ပအိုဝ်ဒေသတွင် သက်ကြီးရွယ်အိုများကို အဓိကထား၍ စက်ဖြင့် စစ်ဆေးခြင်းများ ပြုလုပ်ပြီး ရောဂါအမည်မျိုးစုံ ချမှတ်ကာ ဆေးဖိုးအဖြစ် လူတစ်စုမှ သိန်းချီငွေယူ၍ လုပ်စားခံနေရက...

ပအိုဝ်ဒေသတွင် သက်ကြီးရွယ်အိုများကို အဓိကထား၍ စက်ဖြင့် စစ်ဆေးခြင်းများ ပြုလုပ်ပြီး ရောဂါအမည်မျိုးစုံ ချမှတ်ကာ ဆေးဖိုးအဖြစ် လူတစ်စုမှ သိန်းချီငွေယူ၍ လုပ်စားခံနေရကြောင်း ဒေသခံများထံမှ သိရသည်။ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်နှင့်ပင်လောင်း စသည့် ဒေသများတွင် အဆိုပါအဖွဲ့များသည် သွေးဖောက်စစ်ဆေးမှုမပြုလုပ်ဘဲ စက်တစ်မျိုးဖြင့်သာ စစ်ဆေးပြီး ဆီးချို၊‌ သွေးတိုး၊နှလုံး စသည့် ရောဂါများရှိကြောင်း ပြောဆိုကာ ဆေးဝယ်ရန် တိုက်တွန်းကြောင်း သိရသည်။ "သူတို့စက်နဲ့စစ်ဆေးပြီ ရောဂါရှိတယ်ဆိုပြီးဆေးဝယ်ခိုင်းတယ်။ လူတိုင်းအနည်းဆုံး ၅ သောင်းကုန်ကြတယ်။ ဘာဆေးလည်းမသိဘူး၊ ဝယ်ခိုင်းတာ ၁ သိန်း ၈ သောင်းအဲ့ဆေးစားမှကျန်းမာမယ်ပြောလို့လည်းဝယ်ရတယ်" ဟု ကိုယ်တိုင်းကြုံ တွေ့သူက ပြောသည်။သို့သော် ဤစက်သည် တရားဝင် ဆေးဘက်ဆိုင်ရာ စမ်းသပ်စက် မဟုတ်ကြောင်း၊ လက်ကို စက်ပေါ်တင်ခြင်းဖြင့် သွေးဖိအား၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အာဟာရချို့တဲ့မှု စတာများကို “analysis report” အနေဖြင့်သာ ထုတ်ပေးနိုင်သည်။သိပ္ပံပညာအရ စက်ရရှိသည့် အချက်အလက်များသည် တိကျမှန်ကန်မှု အတည်မပြုထားသေးသဖြင့်၊ ရောဂါဆုံးဖြတ်မှု သို့မဟုတ် ဆေးဝယ်ရန် အခြေခံအနေဖြင့် မသုံးသင့် ကြောင်းသိရပါသည်။

news-view-count-icon

13