ထိုင်းဝန်ကြီးလောင်းက ဖွေထိုင်းပါတီသာ အာဏာရမယ်ဆိုရင် ထိုင်းနိုင်ငံသား ၉ ဦး တစ်ယောက်ကို ဘတ် တစ်သန်းနှုန်းနဲ့ နေ့တိုင်း မဲဖောက်မယ်လို့ ကတိပေးပါတယ်။ နေ့စဥ် သန်းကြွယ်သူဌေး ၉ ယောက်မွေးထုတ်မယ့် အစီအစဥ်က အခွန်အခတွေကနေ ရနိုင်ပြီး ဥပဒေနဲ့ အညီ အကောင်အထည်ဖော်နိုင်မှာဖြစ်တယ်လို့ သူကပြောပါတယ်။ အခုလို အစီအစဥ်လုပ်မယ်ဆို အခွန်မဆောင်ရတဲ့ လယ်သမားတွေနဲ့ SME လုပ်ငန်းငယ်တွေလည်း အခွန်ဆောင်ဖို့ ပါဝင်လာနိုင်ပါတယ်တဲ့။ထီဖောက်ပေးသလိုမျိုးနေ့စဥ် ကံထူးရှင် ၉ ဦးကို ထိုင်းနိုင်ငံသား သီးသန့်ရွေးချယ်မှာဖြစ်ပြီး ကံထူးရှင်တွေက အစိုးရဆီကနေ ဘတ် ၁ သန်းစီရမှာဖြစပါတယ်။ ပိုက်ဆံကုန်သွားတာမျိုးဖြစ်ခဲ့ရင် ဘယ်လိုဖြစ်မှာလဲဆိုပြီးမေးတော့ ပါတီက မူဝါဒတွေကို သေချာလေ့လာပြီးတော့မှ လုပ်တာဖြစ်တယ်လို့ သက်ဆင်ရဲ့ တူ ဝန်ကြီးလောင်း ယုဒ်ချနန်က ပြောပါတယ်။



