back

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ  ဆန္ဒမဲလာရောက်ပေးလျက်ရှိ

Jan 26 • 2:00 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ  ဆန္ဒမဲလာရောက်ပေးလျက်ရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက်(၆)နာရီမှစတင်၍ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူ...

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက်(၆)နာရီမှစတင်၍ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိကြသည်။ ထိုသို့မဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူများက လျှို့ဝှက်ဆန္ဒပြုခန်းများ၌ မြန်မာအီလက်ထရောနစ် မဲပေးစက်များဖြင့် လွှတ်တော်အလိုက် မိမိကြိုက်နှစ်သက်ရာပါတီနှင့် ကိုယ်စားလှယ်လောင်းများအား ဆန္ဒပြုရွေးချယ်မဲပေးကြသည်။ သပိတ်ကျင်းမြို့နယ်အနေဖြင့် ရပ်ကွက်၊ကျေးရွာအုပ်စု(၄ )အုပ်စု တွင် မဲရုံ(၁၂)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း(၉,၂၀၁) ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

news-view-count-icon

18