ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့မှာ ရှေးဟောင်းရတနာပစ္စည်းတချို့နဲ့ ငွေဒင်္ဂါးပြား ၁၅၀ ကျော်ကို တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။တွေ့ရှိခဲ့တဲ့ ရှေးဟောင်းရတနာပစ္စည်းတွေကတော့ အချင်း ၁ လက်မလောက်ရှိတဲ့ ကျောက်စိမ်း တစ်တုံး၊ ရွှေပုရပိုက် တစ်ခု၊ ရွှေလက်စွပ်သုံးကွင်း၊ ရွှေစများ၊ စန္ဒသုဓမ္မရာဇာနဲ့ နရပတိကြီး နာမည်ပါ ငွေဒင်္ဂါးပြား ၁၅၀ ကျော်တို့ဖြစ်ပါတယ်။အဲဒီရှေးဟောင်းရတနာပစ္စည်းတွေနဲ့ ငွေဒင်္ဂါးပြားတွေကို မနေ့က ဇန်နဝါရီလ ၂၄ ရက်နေ့၊ ညနေ ၅ နာရီလောက်မှာ မြောက်ဦးမြို့တွင်းက တစ်နေရာမှာ ရပ်ကွက်က ကလေးတွေ ဘောလုံးကစားတဲ့နေရာကနေ တွေ့ရှိခဲ့တာလို့ မြောက်ဦးဒေသခံတစ်ယောက်ကပြောပါတယ်။
Jan 26 • 1:59 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 159 | 0 | 0 | 0 |


