back

ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၌ (၁၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

Jan 26 • 1:33 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၌ (၁၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်မြို့  ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၌ (၁၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမတ...

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်မြို့  ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၌ (၁၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။ဦးစွာ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က မဟာကွန်ပျူတာသိပ္ပံဘွဲ့(M.C.Sc) (၁)ဦး၊ ကွန်ပျူတာသိပ္ပံဘွဲ့(B.C.Sc)(၅၇)ဦး၊ ကွန်ပျူတာနည်းပညာဘွဲ့(B.C.Teth)(၉)ဦး၊  ကွန်ပျူတာသိပ္ပံဘွဲ့(B.C.Sc)အဝေးရောက်ဘွဲ့ယူသူ(၈)ဦး၊ ကွန်ပျူတာနည်းပညာဘွဲ့(B.C.Teth)အဝေးရောက်ဘွဲ့ယူသူ(၁)ဦးတို့အား စုစုပေါင်း(၇၆)ဦးအား ဘွဲ့များအပ်နှင်းသည်။ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့အချိန်အထိ မဟာဘွဲ့ရရှိသူ (၇၃)ဦး၊ ရိုးရိုးဘွဲ့နှင့် ဒီပလိုမာဘွဲ့ အပါအဝင် စုစုပေါင်းဘွဲ့ရရှိသူဦးရေ (၂,၀၃၂)ဦးကို ဘွဲ့အပ်နှင်းချီးမြှင့်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

news-view-count-icon

17