back

ဟိုပုံးမြို့ရှိ ရန်ကင်းရွာထဲ၌ ခြံပိုင်ရှင်မရှိချိန် စတော်ဘယ်ရီသီးများ အခိုးခံနေရ

Jan 26 • 2:03 AM

breaking-news

မြန်မာ

ရှမ်း

cover

ဟိုပုံးမြို့ရှိ ရန်ကင်းရွာထဲ၌ ခြံပိုင်ရှင်မရှိချိန် စတော်ဘယ်ရီသီးများ အခိုးခံနေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ်ရှိ ရန်ကင်းကျေးရွာရှိ စတော်ဘယ်ရီခြံတွင် အသက် ၁၇၊၁၈ အရွယ်ရှိလူငယ်ခြောက်ဦးက တရုတ်စကားများပြောပြီး အကုန်ခိုးယူခူးသွားသည်၊၊"...

ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ်ရှိ ရန်ကင်းကျေးရွာရှိ စတော်ဘယ်ရီခြံတွင် အသက် ၁၇၊၁၈ အရွယ်ရှိလူငယ်ခြောက်ဦးက တရုတ်စကားများပြောပြီး အကုန်ခိုးယူခူးသွားသည်၊၊"အခိုးခံရတာ မျက်မြင်သက်သေရှိတယ် ဘေးခြံကမိန်းကလေးမို့မပြောရဲဘူး ဓာတ်ပုံရိုက်ထားတယ် ကျွန်မတို့ခြံလာတော့ တစ်ခြံလုံးခိုးခူးသွားခဲ့ပြီ သိတောင်မသိလိုက်ဘူး တခြားဘေးခြံကလူတွေက အိမ်ကမောင်လေးနဲ့သူ့သူငယ်ချင်းအဖွဲ့တွေလို့ထင်နေခဲ့တာပေါ့နော် အခိုးခံရတဲ့တခြားခြံပိုင်ရှင်တွေလည်းအကုန်ဒေါသထွက်ကြတယ်"ဟုဒေသခံတစ်ဦးကပြောသည်။စတော်ဘယ်ရီသီးခိုးသည့် လူငယ် ၆ ဦးစလုံးကအမြဲတတွဲတွဲနှင့် ဖြူဖြူသန့်သန့်၊ ဆံပင်ကောက်လေးနှင့် မြင်ဖူးနေကြသူပြောစကားအရ တရုတ်သင်တန်းတက်နေသူများဖြစ်ကြောင်း သိရသည်၊၊စတော်ဘယ်ရီခြံအတော်များများ အခိုးခံနေရသဖြင့်ထပ်မံလာရောက်ခိုးခံရမည်ကို ဒေသခံများစိုးရိမ်ပူပန်နေကြသည်။ထိုလူငယ်ခြောက်ဦးသည်အိတ်နှင့်ယူဆောင်လာပြီး စတော်ဘယ်ရီသီးသာမက မုန်လာပန်း၊မုန်ညင်း၊ကြက်သွန်ပင်ပါအိတ်ထဲခူးထည့်ပြီး ခိုးခူးယူသွားခဲ့ကြောင်းသိရသည်။

news-view-count-icon

17