back

ဖြူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးတွင် HARRIER နှင့် HONDA FIT တို့တ်ိုက်မိ

Jan 25 • 3:42 PM

breaking-news

မြန်မာ

ပဲခူး

cover

ဖြူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးတွင် HARRIER နှင့် HONDA FIT တို့တ်ိုက်မိ

၂၅.၁.၂၀၂၆ ရက်နေ့၊ ၁၇ ၅၀ အချိန်ခန့်၊ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၄၄/၄)နှင့်(၁၄၄/၅)ဖာလုံကြားတွင် HARRIER အမျိုးအ...

၂၅.၁.၂၀၂၆ ရက်နေ့၊ ၁၇ ၅၀ အချိန်ခန့်၊ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၄၄/၄)နှင့်(၁၄၄/၅)ဖာလုံကြားတွင် HARRIER အမျိုးအစား အနက်ရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရှေ့ယာဉ် HONDA FIT အမျိုးအစား အဖြူရောင်ယာဉ်၏ နောက်ဝဲဘက်ခြမ်းအား ပွတ်တိုက်မိရာမှ လမ်းဝဲဘက်ခြမ်းရှိ ထန်းပင်(၁)ပင်နှင့် လမ်းဘယ်ရီယာတုံး(၂)တုံးအား တိုက်မိပြီးအဆိုပါဖြစ်စဉ်ကြောင့် HARRIER အမျိုးအစား အနက်ရောင်ယာဉ်ပေါ်ပါ ကျား(၃)ဦး အနက် ကျား(၁)ဦး ထိခုက်ဒဏ်ရာ (စိုးရိမ်ရ)၊ ကျား(၁) ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်ဖြင့် ဖြူးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။


news-view-count-icon

25