back

ရက္ခိုင်လူမျိုး မကျော့ကျော့ဝေကို သတ်တဲ့ခင်ပွန်းဖြစ်သူကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

Jan 25 • 3:43 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ရက္ခိုင်လူမျိုး မကျော့ကျော့ဝေကို သတ်တဲ့ခင်ပွန်းဖြစ်သူကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

ရက္ခိုင်လူမျိုး မကျော့ကျော့ဝေကို သတ်ခဲ့တဲ့ခင်ပွန်းဖြစ်သူကို ဇန်နဝါရီလ ၂၄ ရက် မနက်ပိုင်းမှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့...

ရက္ခိုင်လူမျိုး မကျော့ကျော့ဝေကို သတ်ခဲ့တဲ့ခင်ပွန်းဖြစ်သူကို ဇန်နဝါရီလ ၂၄ ရက် မနက်ပိုင်းမှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကိုစိုးမြင့်ကဆိုပါတယ်။လူသတ်မှုကျူးလွန်ခဲ့သူကိုတော့ ဇန်နဝါရီ ၂၂ ရက်၊ ည ၉နာရီ ၄၀ မိနစ်ဝန်းကျင်မှာ ပန်ပူလီ ကြက်မွေးမြူရေးနားက တောထဲမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်၊ နံနက် ၈နာရီမှာ ဘန်ကောက်မြို့ရှိ တရားရုံးတခုမှာ ရုံးထုတ်စစ်ဆေးပြီး အမိန့်ချခဲ့တာလို့ သိရပါတယ်။သေဆုံးသူ မကျော့ကျော့ဝေဟာ မာန်အောင်မြို့၊ မျှော်တော်ဦးအုပ်စု၊ ပြားကြီးကျေးရွာဇာတိဖြစ်ပြီး သူ့ရဲ့ မိသားစုဝင်များပါ ကိုစိုးမြင့်တို့နဲ့အတူ ရှိနေတယ်လို့ သိရပါတယ်။အဆိုပါအမှုဟာ ကြိုတင်ကြံစည်ပြီး လုပ်တဲ့အမှုဖြစ်တာ‌ကြောင့် မိသားစုတွေအနေနဲ့ အမှန်တရားအတိုင်း ထိုက်တန်တဲ့အပြစ်ဒဏ်ကို ပေးစေချင်ကြတယ်လို့လည်း သူက ပြောပါတယ်။


news-view-count-icon

8