back

ဖားကန့်မြို့အဝင်အထွက်များ ယမန်နေ့မှစ၍ ယာယီပိတ်ထား ဟုဆို

Jan 25 • 3:41 PM

breaking-news

မြန်မာ

ကချင်

cover

ဖားကန့်မြို့အဝင်အထွက်များ ယမန်နေ့မှစ၍ ယာယီပိတ်ထား ဟုဆို

ဇန်နဝါရီ ၂၄ ရက်၊ နံနက်ပိုင်းမှစ၍ နလအတပ်များက ဖားကန့်မြို့၊ မြို့ဝင်ပန်း တင်တံတားဂိတ်၊ မြို့မရပ်ကွက်၊ မရှီကထောင်ရပ်ကွက်တို့နှင့် ချိတ်ဆက်ထားသည့် မြို့လယ်ရှိ ဥရုရ...

ဇန်နဝါရီ ၂၄ ရက်၊ နံနက်ပိုင်းမှစ၍ နလအတပ်များက ဖားကန့်မြို့၊ မြို့ဝင်ပန်း တင်တံတားဂိတ်၊ မြို့မရပ်ကွက်၊ မရှီကထောင်ရပ်ကွက်တို့နှင့် ချိတ်ဆက်ထားသည့် မြို့လယ်ရှိ ဥရုရတနာ ကျောက်စိမ်းတောင်တံတားကိုပါ ယာယီပိတ်ထားကြောင်း သိရသည်။ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ၊ ရပ်ကွက်(၃)တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ်မိန်းကလေးတစ်ဦးနှင့် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ကာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ထို့အပြင် ယနေ့နံနက်ပိုင်းမှစ၍ ဖားကန့်မြို့အနီးတဝိုက်တွင် လက်နက်ကြီးသံများနှင့် ပေါက်ကွဲသံများ ကြားနေရကြောင်း ဒေသခံများက ပြောကြားသည်။


news-view-count-icon

25