ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဇန်နဝါရီ ၂၄ ရက်က နေပြည်တော်၌ ကျင်းပသည့် မူလတန်းပြဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် ဆရာဖြစ်သင်တန်း (ပထမအဆင့်) ဆင်းပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို အဆင့် (၃) ဆင့်ဖြင့် ပို့ချသွားမည်ဖြစ်ရာ ပထမအဆင့်တွင် သင်တန်းသား ၅၅၃ ဦးအား Online စနစ်ဖြင့် Module (၄) ခုကို ဝါရင့်ပါမောက္ခကြီးများက ပို့ချခဲ့ပြီးဖြစ်ကာ၊ ဒုတိယအဆင့်အနေဖြင့် ခရိုင်နှင့် မြို့နယ်အဆင့်များတွင် အရည်အချင်းစစ်စာမေးပွဲများဖြင့် ဆက်လက်ပို့ချသွားမည်ဖြစ်သည်။ တတိယအဆင့်ဖြစ်သော ပင်မသင်တန်း (Main Course) ကိုမူ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များရှိရာ မြို့များတွင် မူလတန်းပြဆရာ၊ ဆရာမများအား နာရီပေါင်း (၃၆၀) ကြာ ပို့ချပေးသွားမည်ဖြစ်ပြီး ၎င်းစီမံကိန်းသည် နိုင်ငံတစ်ဝန်းရှိ မူလတန်းပြဆရာ၊ ဆရာမများ၏ အင်္ဂလိပ်စာအရည်အသွေးကို သိသိသာသာ မြင့်တက်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မူလတန်းပြဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (ပထမအဆင့်) ဆင်းပွဲကျင်းပပြီး ဒုတိယနှင့် တတိယအဆင့်များ ဆက်လက်ဖွင့်လှစ်မည်
Jan 25 • 4:54 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


