back

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့၌ ကျင်းပသည့် Zumba Festival နှင့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများသို့ တက်ရောက်အားပေး

Jan 25 • 4:56 AM

breaking-news

မြန်မာ

ကချင်

cover

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့၌ ကျင်းပသည့် Zumba Festival နှင့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများသို့ တက်ရောက်အားပေး

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဇန်နဝါရီ ၂၄ ရက်က မြစ်ကြီးနားမြို့၌ ကျင်းပသည့် စုပေါင်းကိုယ်လက်လှုပ်ရှားအစီအစဉ် ဇ...

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဇန်နဝါရီ ၂၄ ရက်က မြစ်ကြီးနားမြို့၌ ကျင်းပသည့် စုပေါင်းကိုယ်လက်လှုပ်ရှားအစီအစဉ် ဇွန်ဘာပွဲတော် (Zumba Festival) နှင့် (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာသိုင်းစွမ်းရည်ပြိုင်ပွဲများသို့ တက်ရောက်အားပေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက Zumba ကစားခြင်းသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်သာမက လူမှုဆက်ဆံရေးအတွက်ပါ အကျိုးကျေးဇူးများစွာ ရရှိနိုင်သဖြင့် ယခုကဲ့သို့ စုပေါင်းကိုယ်လက်လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ကျင်းပရန် တိုက်တွန်းခဲ့ပြီး၊ မြန်မာ့ရိုးရာသိုင်းစွမ်းရည်ပြိုင်ပွဲမှ သရုပ်ပြအားကစားသမားများကိုလည်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့ပြင် ဤကဲ့သို့ အားကစားပြိုင်ပွဲများ ကျင်းပခြင်းသည် မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ဒေသတွင်း ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ပါ အရေးပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

news-view-count-icon

16