back

ပိန်ဆေးထိုးသူများဆေးအသုံးမပြုတော့သည့်အခါ အစားအသောက်ဖြင့်ဝိတ်ချသူများထက်ဝိတ်ပြန်တက်နိုင်ခြေလေးဆပိုများ နေ

Jan 25 • 4:46 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပိန်ဆေးထိုးသူများဆေးအသုံးမပြုတော့သည့်အခါ အစားအသောက်ဖြင့်ဝိတ်ချသူများထက်ဝိတ်ပြန်တက်နိုင်ခြေလေးဆပိုများ နေ

Mounjaro ၊ Wegovy တို့လို ပိန်ဆေးတွေအသုံးပြုပြီးနောက် ဆက်မသုံးတော့တဲ့အခါ သာမန် အစားအသောက်၊ လေ့ကျင့်ခန်းလုပ်ပြီး ဆက်မလုပ်တော့သူတွေထက် ကိုယ်အလေးချိန် ပြန်တက်နို...

Mounjaro ၊ Wegovy တို့လို ပိန်ဆေးတွေအသုံးပြုပြီးနောက် ဆက်မသုံးတော့တဲ့အခါ သာမန် အစားအသောက်၊ လေ့ကျင့်ခန်းလုပ်ပြီး ဆက်မလုပ်တော့သူတွေထက် ကိုယ်အလေးချိန် ပြန်တက်နိုင်ခြေ ၄ ဆ ပိုများကြောင်း သုတေသန တွေ့ရှိထားပါတယ်။ ဝိတ်များလို့ ပိန်ဆေးထိုးလိုက်တဲ့အခါ ခန္ဓာကိုယ်အလေးချိန် ၅ ပုံ ၁ ပုံလောက် ကျဆင်းသွားပေမယ့် ဆေးမသုံးတော့တာနဲ့ တစ်လကို ၀.၈ ကီလိုဂရမ်လောက် ပြန်တက်လာခဲ့တယ်လို့ အချက်အလက်တွေ ဖော်ပြထားပါတယ်။ ဒါဟာ ပိန်ဆေးမသုံးမီ ကိုယ်အလေးချိန်ကို တစ်နှစ်ခွဲအတွင်း ပြန်တက်သွားတာ ဖြစ်ပါတယ်။ ဒီတွေ့ရှိချက်တွေက လက်တွေ့ ဆေးပညာစမ်းသပ်မှုတွေကနေ တွေ့ရှိတာဖြစ်ပါတယ်။ လူနာပေါင်း ၉,၀၀၀ ကျော်ဖြင့် လေ့လာချက် ၃၇ မျိုးမှာ ပိန်ဆေးထိုးတဲ့သူတွေနဲ့ သာမန် အစားအစာ အခြားဆေးတွေ အသုံးပြုသူတွေကို နှိုင်းယှဉ်ခဲ့ပါတယ်။

news-view-count-icon

36