back

ရန်ကုန်တွင် ဖောက်ထွင်းခံရမှု မကြာခဏကြုံလာ၍ဆိုင်ခုံများအတွင်း ပစ္စည်းသိမ်းခြင်းမျိုး မလုပ်ရဲကြတော့

Jan 25 • 4:37 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တွင် ဖောက်ထွင်းခံရမှု မကြာခဏကြုံလာ၍ဆိုင်ခုံများအတွင်း ပစ္စည်းသိမ်းခြင်းမျိုး မလုပ်ရဲကြတော့

ရန်ကုန်မြို့ မြို့နယ်အချို့ရှိ လမ်းဘေးစျေးဆိုင်ငယ်များတွင် ဖောက်ထွင်းခံရသောအဖြစ်မျိုး မကြာခဏကြုံလာခြင်းကြောင့် ရောင်းချရာပစ္စည်းများကို ဆိုင်ပိတ်ချိန်တွင်ဆိုင်အ...

ရန်ကုန်မြို့ မြို့နယ်အချို့ရှိ လမ်းဘေးစျေးဆိုင်ငယ်များတွင် ဖောက်ထွင်းခံရသောအဖြစ်မျိုး မကြာခဏကြုံလာခြင်းကြောင့် ရောင်းချရာပစ္စည်းများကို ဆိုင်ပိတ်ချိန်တွင်ဆိုင်အတွင်းသိမ်းထားခြင်းများကို မလုပ်ရဲတော့ဘဲ အကုန်အိမ်ပြန်သယ်လာရကြောင်း အဆိုပါဆိုင်ဖွင့်ထားသူများထံမှ သိရသည်။ပုံမှန်အားဖြင့် ဆိုင်ပိတ်ချိန်တွင် ရောင်းချသောပစ္စည်းများကို ဆိုင်အတွင်း၌သာသော့ခတ်၍ သိမ်း ဆည်းပြီး ပြန်သွားလေ့ရှိသော်လည်း နောက်ရက်နံနက်ဆိုင်လာဖွင့်ချိန်တွင် ဖောက်ထွင်းခံရသောအဖြစ်မျိုးကြုံကာ ရောင်းချသည့် ကုန်ပစ္စည်းများ ပျောက်ရှခြင်းကြောင့် ဆိုင်သိမ်းချိန်တွင်တစ်ပါ တည်း အလုပ်ပိုတစ်ခုသဖွယ်သိမ်းဆည်း ယူဆောင်သွားရကြောင်းလည်း သိရသည်။“ဒီမနက် ဆိုင်ဖွင့်ဖို့လုပ်တော့ ညကဖောက်ခံထားရတာ၊ သူတို့အသုံးမလိုတဲ့ပစ္စည်းတွေကို ဆိုင်ဘေးမှာ အမှိုက်လိုလွှင့်ပစ်ထားတယ်၊ ရောင်းလို့ရတယ်လို့ထင်တာမှန်သမျှအကုန်ယူတယ်၊ နောက်ဆုံးစီးကရက်ဘူးတွေ၊ ကွမ်းယာထဲ ထည့်တဲ့ကွမ်းစားဆေးတွေကအစ အကုန်ယူသွားတယ်”ဟု မရမ်းကုန်းမြို့နယ်အတွင်း ဆိုင်ဖွင့်ထားသူ တစ်ဦးက ပြောသည်။

news-view-count-icon

33