back

ရေဘေးသင့်မိုဇမ်ဘစ်မြို့များတွင် မိကျောင်းများဝင်ရောက်လာမှု ပြဿနာနှင့် ရင်ဆိုင်နေရ

Jan 25 • 4:34 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရေဘေးသင့်မိုဇမ်ဘစ်မြို့များတွင် မိကျောင်းများဝင်ရောက်လာမှု ပြဿနာနှင့် ရင်ဆိုင်နေရ

ရေလွှမ်းမိုးမှုများနှင့် ရင်ဆိုင်နေရသော မိုဇမ်ဘစ်နိုင်ငံ၌ ရေမြုပ်နေသော မြို့ရွာများအတွင်းသို့မိကျောင်းများ ဝင်ရောက်လာမှုပြဿနာကိုလည်းဒေသခံများ ရင်ဆိုင်နေကြရကြောင...

ရေလွှမ်းမိုးမှုများနှင့် ရင်ဆိုင်နေရသော မိုဇမ်ဘစ်နိုင်ငံ၌ ရေမြုပ်နေသော မြို့ရွာများအတွင်းသို့မိကျောင်းများ ဝင်ရောက်လာမှုပြဿနာကိုလည်းဒေသခံများ ရင်ဆိုင်နေကြရကြောင်း ဇန်နဝါရီ ၂၃ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။မိုဇမ်ဘစ်အာဏာပိုင်များ၏ အဆိုအရပြီးခဲ့သည့် ရက်များအတွင်း ရေဘေးကာလအတွင်းသေဆုံးသူအရေအတွက်မှာ ၁၃ ဦးရှိပြီး သုံးဦးမှာမိကျောင်းများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများဖြစ်ကြောင်း သိရသည်။ ဂါဇာပြည်နယ်၏မြို့တော်ဖြစ်သော ရှီ-ရှီမြို့၌ မိကျောင်းအန္တရာယ်သတိပေးချက်များကို မိုဇမ်ဘစ် တာဝန်ရှိသူများကထုတ်ပြန်ထားသည်။ ဂါဇာပြည်နယ်သည် ရေဘေးဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသည့် ဒေသများထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း မိုဇမ်ဘစ်တာဝန်ရှိသူများက ပြောကြားသည်။လင်ပိုပိုမြစ်ရေများမြို့ရွာများအတွင်းသို့ဝင်ရောက်လာချိန်တွင်ယင်းမြစ်အတွင်းရှိမိကျောင်းများသည်လည်း မြို့ရွာများအတွင်းသို့ရောက်ရှိလာကြောင်း၊ သို့ဖြစ်ရာ နယ်ခံပြည်သူများအနေဖြင့် မိကျောင်းအန္တရာယ် သတိထားကြရန်သတိပေးချက် ထုတ်ပြန်ထားသည်။မိကျောင်းများ၏ တိုက်ခိုက်မှုကြောင့် ယခုလအစောပိုင်းတွင် ဂါဇာပြည်နယ်၌ နှစ်ဦးသေဆုံး၍သုံးဦး ဒဏ်ရာများရခဲ့ပြီး မာပူတိုပြည်နယ်၌လူတစ်ဦး မိကျောင်းဆွဲခံခဲ့ရသည်။လင်ပိုပိုမြစ်သည် တောင်အာဖရိကနိုင်ငံမှမိုဇမ်ဘစ်ကို ဖြတ်သန်း၍ အိန္ဒိယသမုဒ္ဒရာအတွင်းစီးဝင်နေသောမြစ်ဖြစ်သည်။

news-view-count-icon

15