မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက် နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၆၁ မြို့နယ်တွင် ကျင်းပလျက်ရှိပြီး မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြုကာ ဆန္ဒမဲများ ပေးလျက်ရှိသည်။ အဆိုပါ အပိုင်း (၃) လုပ်ငန်းစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ၁၇ မြို့နယ် အပါအဝင် ရှမ်း၊ ကချင်၊ ကရင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ မြို့နယ်များ ပါဝင်ကာ ညနေ ၄ နာရီအထိ မဲပေးနိုင်မည်ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ ကျင်းပခဲ့ရာ အပိုင်း (၁) နှင့် (၂) တို့ကို ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလဆန်းပိုင်းတို့တွင် မြို့နယ် ၂၀၂ မြို့နယ်၌ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ ယနေ့ကျင်းပသည့် အပိုင်း (၃) ရွေးကောက်ပွဲသို့ ပြည်ပနိုင်ငံများမှ စောင့်ကြည့်လေ့လာရေးအဖွဲ့များလည်း လာရောက်လေ့လာလျက်ရှိကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ် ၆၁ မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို စတင်ကျင်းပ
Jan 25 • 4:28 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


