ထိုင်းနိုင်ငံ၊ ရာမ ၂ လမ်းမကြီးပေါ်ရှိ Bang Khun Thian – Ban Phaeo အဝေးပြေးလမ်းစီမံကိန်းတွင် ဇန်နဝါရီ ၁၅ ရက်က ကရိန်းထောက်တိုင်ကျိုးကျသည့် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းကြောင့် လမ်းဦးစီးဌာန က ပင်မလမ်းမကြီးအား ရက်ပေါင်း ၆၀ တိတိ ပိတ်ထားကာ အန္တရာယ်ရှိသော အစိတ်အပိုင်းများကို ဖယ်ရှားရှင်းလင်းရန် ဆုံးဖြတ်လိုက်သည်။ အဆိုပါကာလအတွင်း ခရီးသွားပြည်သူများအတွက် ဘေးကပ်လမ်းများကို ဖွင့်ပေးထားပြီး Tha Chin မြစ်ကူးတံတားတည်ဆောက်ရေးကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်သော်လည်း ကန်ထရိုက်တာကုမ္ပဏီအနေဖြင့် လုပ်ငန်းကြန့်ကြာမှုအတွက် လျော်ကြေးတောင်းခံခွင့်ရှိမည်မဟုတ်ကြောင်း သိရသည်။ စီမံကိန်းပြီးဆုံးမည့်ရက်ကို ၂၀၂၆ ခုနှစ် မေလအထိ ရွှေ့ဆိုင်းထားပြီး အကယ်၍ သတ်မှတ်ရက်ထက် ကျော်လွန်သွားပါက တစ်ရက်လျှင် ဘတ် ၄.၇ သန်း ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကာ လုပ်ငန်းပြန်လည်စတင်ရန်အတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းရေး ၁၀၀ ရာခိုင်နှုန်း အာမခံချက်ရှိရန်နှင့် အင်ဂျင်နီယာအဖွဲ့အသစ် လဲလှယ်ရန်လိုအပ်ကြောင်း သိရှိရပါသည်။
Jan 25 • 4:27 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


