မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီးသည် လက်ရှိကျင်းပနေသော ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ပထမအဆင့်မှ တတိယအဆင့်အထိ အနီးကပ်စောင့်ကြည့်လေ့လာခဲ့ပြီးနောက် မဲရုံများတွင် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် အေးချမ်းသာယာစွာ ဆန္ဒမဲပေးနေကြသည်ကို တွေ့ရှိရကြောင်း သဘောထားမှတ်ချက်ပြု ပြောကြားခဲ့သည်။ သံအမတ်ကြီးက ရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စနစ်တကျရှိပြီး ပြည်သူများ တက်ကြွစွာ ပါဝင်နေမှုကို ချီးကျူးခဲ့သည့်အပြင်၊ မနက်ဖြန်တွင် ပြီးဆုံးမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ငြိမ်းချမ်းစွာ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ (၇) ကြိမ်တိုင်တိုင် တွေ့ဆုံမှုများနှင့် အပြန်အလှန် လည်ပတ်မှုများကြောင့် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုခိုင်မာလျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ဘေးအန္တရာယ်ကင်းကင်းရှင်းရှင်းနှင့် ဆန္ဒမဲပေးသူများ အေးအေးဆေးဆေးမဲပေးနိုင်သည်ကို တွေ့ရသည်ဟု ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးပြော
Jan 25 • 3:45 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 16 | 0 | 0 | 0 |


