back

အသေခံဒရုန်းတွေ၊ လေဆာစနစ်တွေနဲ့ ကာကွယ်ရေး လုပ်ငန်းနယ်ပယ်မှာ မလေးရှား အားဖြည့်မယ်

Jan 25 • 3:45 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

အသေခံဒရုန်းတွေ၊ လေဆာစနစ်တွေနဲ့ ကာကွယ်ရေး လုပ်ငန်းနယ်ပယ်မှာ မလေးရှား အားဖြည့်မယ်

မလေးရှားက သူတို့ရဲ့ နိုင်ငံတော် ကာကွယ်ရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုတွေအရ စီမံကိန်းတွေ အများကြီးရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အသေခံဒရုန်းတွေ၊ လေဆာစနစ်တွေ ထုတ်လုပ်သွာ...

မလေးရှားက သူတို့ရဲ့ နိုင်ငံတော် ကာကွယ်ရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုတွေအရ စီမံကိန်းတွေ အများကြီးရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အသေခံဒရုန်းတွေ၊ လေဆာစနစ်တွေ ထုတ်လုပ်သွားဖို့ စီစဉ်နေပါတယ်။မလေးရှားရဲ့ နောက်ဆုံး နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်း နယ်ပယ်ဆိုင်ရာ မူဝါဒ (NDIP) ဟာ ပြည်ပ ကာကွယ်ရေးနဲ့လုံခြုံရေးနည်းပညာတွေအပေါ် မှီခိုအားကိုးမှု လျှော့ချရေး၊ ပြည်တွင်း စစ်လက်နက် ထုတ်လုပ်နိုင်မှု စွမ်းပကား အားကောင်းလာစေရေး ရေရှည်အစီအစဉ် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး မိုဟာမက် ခါလိဒ် နော်ဒင်က ပြောပါတယ်။အဓိက စီမံကိန်းတွေထဲမှာ ပြည်တွင်းထုတ် ဂြိုဟ်တုတွေ၊ အသေခံဒရုန်းတွေ၊ ခဲယမ်းမီးကျောက် ကြဲချတဲ့ စနစ်တွေ၊ လေဆာစနစ်တွေ တီထွင် ထုတ်လုပ်မှု ပါဝင်မှာ ဖြစ်ပါတယ်။ထိန်းသိမ်းတာ ပြုပြင်တာတွေကိုလည်း ပြည်တွင်း ကုမ္ပဏီတွေကိုပဲ လုပ်ကိုင်ခွင့်ပေးသွားမှာ ဖြစ်ကြောင်း မလေးရှား ကာကွယ်ရေး ဝန်ကြီးဌာနကပြောထားပါတယ်။လက်နက်စနစ် အမျိုးမျိုးအတွက် မလေးရှားက ထုတ်လုပ်မှု၊ စုစည်း တပ်ဆင်မှုနဲ့ နည်းပညာ အားလုံးကို ပြည်တွင်းဖြစ်တွေ သုံးသွားမှာ ဖြစ်ကြောင်း ဝန်ကြီး ခါလိဒ်က ဆိုပါတယ်။ပြည်ပနိုင်ငံတွေကို အားကိုးနေမယ့်အစား ပြည်တွင်း ကာကွယ်ရေးလုပ်ငန်း နယ်ပယ်ရေရှည် စွမ်းပကား ကောင်းမွန်အောင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။




news-view-count-icon

3