မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက နှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ပေမဲ့ သူ့ကစားသမားတွေဟာ ထူးခြားတဲ့သူတွေ
ဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ မန်ယူနိုက်တက်၊ ချန်ပီယံလိဂ်မှာ နော်ဝေကလပ် ဘိုဒယ်ဂလင့်အသင်းတွေကို နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တာပါ။မန်စီးတီးနောက်ခံလူသစ် ဂူဟီနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ဂူဟီဟာ အခုတစ်ပတ် ဝုလ်ဗ်နဲ့ ပရီးမီးယားလိဂ်မှာ အသင်းအတွက် ပွဲဦးထွက်ကစားဖို့ ရှိနေပါတယ်။


