back

ရွှေသောင်ယံကမ်းခြေအနီးရှိ တောင်ကတုံးကမ်းခြေသို့ လာရောက်လည်ပတ်ရန် ဒေသခံများ ဖိတ်ခေါ်နေ

Jan 25 • 3:43 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ရွှေသောင်ယံကမ်းခြေအနီးရှိ တောင်ကတုံးကမ်းခြေသို့ လာရောက်လည်ပတ်ရန် ဒေသခံများ ဖိတ်ခေါ်နေ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေများထဲမှ ရွှေသောင်ယံကမ်းခြေအနီးရှိ တောင်ကတုံးကမ်းခြေသို့ လာရောက်လည်ပတ်ရန် ဒေသခံများမှ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။အဆိုပါ...

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေများထဲမှ ရွှေသောင်ယံကမ်းခြေအနီးရှိ တောင်ကတုံးကမ်းခြေသို့ လာရောက်လည်ပတ်ရန် ဒေသခံများမှ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။အဆိုပါ တောင်ကတုံးကမ်းခြေဟာ ရွှေသောင်ယံမြို့ကမ်းခြေအနီးတွင်တည်ရှိတာဖြစ်ပြီး သာယာလှပသော ပင်လယ်ကွေ့ကမ်းခြေတစ်ခုဖြစ်ကာ ရှေးဟောင်းရုပ်ပွားတော်များတည်ရှိပြီး ၎င်းနေရာကို တောင်ကတုံးကမ်းခြေ၊ တောင်ကတုံးဘုရားဟု လူသိများကြောင်းလည်း သိရပါတယ်။ ယခုအခါ တောင်ကတုံးဘုရားတောင်ပေါ်ရှိ ရှေးဟောင်းဘုရားသည် အုတ်ပုံမျှသာကျန်ရှိပြီး ဒေသခံများနှင့် ရပ်နီးရပ်ဝေးရှိ အလှူရှင်များက ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားများအနေဖြင့်လည်း မော်တော်ကားလမ်းတိုက်ရိုက်ပေါက်သည့်အတွက် ချောင်းသာကမ်းခြေမှ သော်လည်းကောင်း၊ ရွှေသောင်ယံကမ်းခြေမှ သော်လည်းကောင်း ဆက်လက် လည်ပတ်သင့်သည့် နေရာတစ်ခုအဖြစ် ရှိနေတဲ့အတွက် ယခုလို ဖိတ်ခေါ်ခြင်းဖြစ်ကြောင်းလည်း ဒေသခံများမှ ဆိုထားပါတယ်။

news-view-count-icon

99