လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က အခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ယူဖို့ မရှိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ဒါပေမဲ့ အသင်းအနေနဲ့ ဈေးကွက်ထဲမှာ အခွင့်အလမ်းတွေကို ရှာဖွေသွားမယ်လို့လည်း ပြောကြားခဲ့တယ်။လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီဈေးကွက်မှာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးကို နှစ်ကြိမ်တိုင် ချိုးဖျက်ခဲ့တာပါ။ဒါ့အပြင် နွေရာသီအသုံးစရိတ်ကလည်း ပရီးမီးယားလိဂ်စံချိန်တင် ပေါင် သန်း ၄၅၀ လောက် အသုံးပြုခဲ့ပါတယ်။လက်ရှိမှာ တိုက်စစ်မှူး အီဆက်ခ်၊ နောက်ခံလူတွေဖြစ်တဲ့ ဘရက်ဒလေ၊ လီယိုနီတို့ ကာလရှည်ဒဏ်ရာရနေပေမဲ့ကစားသမားသစ်ခေါ်ယူမှု မရှိဘူးလို့ အာနယ်ဆလော့က ပြောခဲ့တာပါ။အာနယ်ဆလော့က သူ့အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် သေချာတယ်လို့လည်း အာမခံချက် ပေးခဲ့ပါတယ်။
| 15 | 0 | 0 | 0 |


