back

ပြည်တွင်းရှိ စက်မှုသီးနှံနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာနည်းပညာဖွံ့ဖြိုးရေး ကြိုးပမ်းနေ

Jan 25 • 3:38 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းရှိ စက်မှုသီးနှံနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာနည်းပညာဖွံ့ဖြိုးရေး ကြိုးပမ်းနေ

နေပြည်တော်တွင် ဇန်နဝါရီ ၂၄ရက်ကစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သည် ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့် ပည...

နေပြည်တော်တွင် ဇန်နဝါရီ ၂၄ရက်က

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သည် ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့် ပညာပေးသင်တန်းကျောင်း၏ စက်မှုသီးနှံဆိုင်ရာ နည်းပညာပေးသင်တန်း ၁/၂၀၂၆ သင်တန်းဆင်းပွဲသို့ တက်ရောက်ချီးမြှင့်ပြီး အခြေခံလုပ်ငန်းခွင် အကြိုသင်တန်းတက်ရောက် နေသူများကို တွေ့ဆုံအားပေးကာ ပို့ချ ခဲ့ပြီးသော စက်မှုသီးနှံများ ဝါ၊ လျှော်၊ ရော်ဘာ၊ ဆီအုန်း၊ သီဟိုဠ်၊ ကြံ၊ ကော်ဖီနှင့် အခြားသီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များ အပြင် ပြုစုထိန်းသိမ်းစောင့်ရှောက် ခြင်း နည်းပညာများ၊ စိုက်ပျိုး ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်သော ပိုးချည်မျှင်၊ ရော်ဘာအစေးခြစ်ခြင်းနှင့် ဆီအုန်းဆီကြမ်း ထုတ်လုပ်မှုပုံစံအဆင့်ဆင့်စသည့် တန်ဖိုးမြှင့် စိုက်ပျိုးရေးထုတ်ကုန် များ ထုတ်လုပ်နည်းပညာများကို မိမိတာဝန်ကျဒေသသို့ ပြန်ရောက်ချိန်၌ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများ၊ တောင်သူများကို နည်းပညာများပြည့်စုံစွာ ပြန်လည်ဖြန့်ဝေ ပေးစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။ စက်မှုသီးနှံနည်းပညာပေး သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်ဆုများချီးမြှင့်ပေးအပ်ပြီး တာဝန်ရှိသူများက အသန့်ရှင်းဆုံး အိပ်ခန်းဆုများကို ပေးအပ်ကြသည်။ စက်မှုသီးနှံဆိုင်ရာ နည်းပညာပေး သင်တန်း(၁/၂၀၂၆)သို့ သင်တန်းသား သင်တန်းသူ ၇၃ ဦး တက်ရောက်ခဲ့ပြီး အခြေခံလုပ်ငန်းခွင်သင်တန်းတွင် သင်တန်းသားသင်တန်းသူ ၉၉ ဦး တက်ရောက် လျက်ရှိပါတယ်။



news-view-count-icon

25