မြန်မာနေရှင်နယ်လိဂ် (MNL) ၏ လက်ရှိအမှတ်ပေးဇယားထိပ်ဆုံးမှ ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယအကျော့ပွဲစဉ်များတွင် တိုက်စစ်ပိုင်းပိုမိုတောင့်တင်းစေရန်အတွက် အိုင်ဗရီကို့စ်တိုက်စစ်မှူး မူဆာဘာကာယိုကို (Moussa Bakayoko) ကို ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ ဘာကာယိုကိုသည် ပြီးခဲ့သည့်ဘောလုံးရာသီက ရှမ်းယူနိုက်တက်အသင်းနှင့်အတူ MNL ဖလား၊ League Cup ချန်ပီယံဆုများနှင့် AFC Challenge League ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့သည့် အောင်မြင်မှုများတွင် အဓိကပါဝင်ခဲ့သူဖြစ်သည်။ လက်ရှိတွင် ရှမ်းယူနိုက်တက်အသင်းသည် ပွဲစဉ် (၁၃) အပြီး ရမှတ် (၃၃) မှတ်ဖြင့် ဒုတိယနေရာမှ ရန်ကုန်ယူနိုက်တက်ကို (၁) မှတ်အသာဖြင့် ဦးဆောင်နေပြီး ယခုကဲ့သို့ ဘာကာယိုကိုအား ပြန်လည်ခေါ်ယူခြင်းမှာ ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
| 30 | 0 | 0 | 0 |


