စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်း ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၃) အတွက် ဒုန်းတောကျေးရွာအုပ်စုရှိ မဲရုံများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့က ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် မဲရုံများအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လိုအပ်သည့် စီစဉ်ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့သည့်အပြင် မဲရုံမှူးနှင့် အဖွဲ့ဝင်များကိုလည်း မီးသတ်ဆေးဘူး လက်တွေ့အသုံးပြုနည်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ဆားလင်းကြီးနှင့် ကနီမြို့နယ်များ၌ ရွေးကောက်ပွဲကျင်းပရန် အဖက်ဖက်မှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၌ ရွေးကောက်ပွဲမဲရုံများ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး
Jan 25 • 3:37 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


