နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) ၏ လူထုအခြေပြုဆက်သွယ်ရေးဌာန (CCC) သည် ၂၀၂၅ ခုနှစ်အတွင်း ဖုန်းခေါ်ဆိုမှုပေါင်း ၄,၈၆၀ ကို လက်ခံဖြေကြားပေးခဲ့ပြီး အကူအညီတောင်းခံသူများ၏ ၈၇ ရာခိုင်နှုန်းက ICRC ၏ တုံ့ပြန်ကူညီမှုများအပေါ် ကျေနပ်အားရမှုရှိကြောင်း သိရသည်။ ICRC အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း၌လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သတင်းအချက်အလက်ရယူခြင်း၊ အကြံပြုခြင်းနှင့် တိုင်ကြားခြင်းများအတွက် ဖုန်းနံပါတ် ၀၉ ၇၇၆၆၆၂၅၅၅ မှတစ်ဆင့် ဆက်လက်ကူညီပေးသွားမည်ဖြစ်သည်။ အကူအညီလိုအပ်နေသည့် မိမိကိုယ်တိုင် (သို့မဟုတ်) ရပ်ရွာအတွင်းရှိ တစ်စုံတစ်ဦးသည် ICRC နှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ ဝန်ထမ်းများ၏ အပြုအမူနှင့် စပ်လျဉ်းသည့် စိုးရိမ်ပူပန်မှုများကို အဆိုပါဖုန်းလိုင်းမှတစ်ဆင့် ပွင့်လင်းမြင်သာစွာ ဆက်သွယ်ပြောဆိုနိုင်ကြောင်း ထုတ်ပြန်ထားပါသည်။
ICRC ၏ လူထုအခြေပြုဆက်သွယ်ရေးဌာန (CCC) က ၂၀၂၅ ခုနှစ်အတွင်း ဖုန်းခေါ်ဆိုမှုပေါင်း ၄,၈၀၀ ကျော်ကို အကူအညီပေးနိုင်ခဲ့
Jan 25 • 3:36 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


