၂၅.၁.၂၀၂၆ ရက်နေ့၊ ၀၉ နာရီ၂၉ မိနစ်အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်၊ စက်မှုဇုန်(၁)လမ်းတွင် ကိုင်းတောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။၀၉ နာရီ၅၄ မိနစ်အချိန် မီးငြိမ်းပါသည်။



