ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းစီးတီးတွင် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနှင့် တရားမဝင် မူးယစ်ဆေးဝါးသုံးစွဲရန် စီစဉ်ပေးမှုများတွင် ပါဝင်ပတ်သက်နေသည့် ရာဇဝတ်ဂိုဏ်းတစ်ခုကို ရဲတပ်ဖွဲ့က ဖြိုခွင်းနိုင်ခဲ့ပြီး သံသယရှိသူ ၁၀ ဦးကို အမှုဖွင့် အရေးယူထားကြောင်း ဇန်နဝါရီ ၂၄ ရက် တွင် တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးရမိသူများအနက် ၈ ဦးမှာ တောင်ကိုရီးယားနိုင်ငံသားများဖြစ်ကြပြီး ၎င်းတို့သည် မြို့အတွင်းရှိ နေရာအချို့တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးခြင်းနှင့် သုံးစွဲသူများအတွက် နေရာချထားပေးခြင်းတို့ကို စနစ်တကျ လုပ်ဆောင်နေသည့် ကွန်ရက်တစ်ခုဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဗီယက်နမ်အာဏာပိုင်များက ၎င်းတို့အား ဥပဒေနှင့်အညီ ပြင်းထန်စွာ အရေးယူနိုင်ရန် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရပါသည်။
ဟိုချီမင်းစီးတီးတွင် မူးယစ်ဆေးဝါးဂိုဏ်းကို ဗီယက်နမ်ရဲတပ်ဖွဲ့ ဖော်ထုတ်ဖမ်းဆီး၊ တောင်ကိုရီးယားနိုင်ငံသား ၈ ဦး ပါဝင်နေ
Jan 25 • 3:34 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


