back

အင်ဒိုနီးရှားကို အနိုင်ယူပြီး အုပ်စုပထမနဲ့ ဗိုလ်လုပွဲတက်သွားတဲ့ မြန်မာ မသန်စွမ်း ဘောလုံးအသင်း

Jan 25 • 3:28 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်ဒိုနီးရှားကို အနိုင်ယူပြီး အုပ်စုပထမနဲ့ ဗိုလ်လုပွဲတက်သွားတဲ့ မြန်မာ မသန်စွမ်း ဘောလုံးအသင်း

အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ (ASEAN Para Games) ၏ တစ်ဖက် ၇ ယောက် ဘောလုံးပြိုင်ပွဲတွင် မြန်မာမသန်စွမ်းဘောလုံးအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အင်ဒိုနီးရှ...

အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ (ASEAN Para Games) ၏ တစ်ဖက် ၇ ယောက် ဘောလုံးပြိုင်ပွဲတွင် မြန်မာမသန်စွမ်းဘောလုံးအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူကာ အုပ်စုပထမဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ် ၄ ပွဲတွင် ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၁၀ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်လုပွဲတွင် အုပ်စုဒုတိယရရှိသည့် အိမ်ရှင်ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အဆိုပါ ရွှေတံဆိပ်လုပွဲကို ဇန်နဝါရီ ၂၅ ရက် မြန်မာစံတော်ချိန် ည ၆ နာရီခွဲတွင် ကျင်းပမည်ဖြစ်ကာ APSF TV YouTube Channel မှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။

news-view-count-icon

13