မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပမည့် ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်အထိ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး လူမှုရေးရာ၊ စီးပွားရေးရာ၊ ပြည်နယ်ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစရှိသည့် ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားပြုအသင်းများ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ စတင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲတွင် အသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်မည်
Jan 25 • 3:25 AM
မြန်မာ
မွန်
မျှဝေမည်
| 22 | 0 | 0 | 0 |


