back

အီရန် တိုက်ခိုက်ခံရပါက ဒေသတွင်းရှိ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ အီရန် သတိပေး

Jan 25 • 3:24 AM

breaking-news

မြန်မာ

ပြည်ပ

cover

အီရန် တိုက်ခိုက်ခံရပါက ဒေသတွင်းရှိ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ အီရန် သတိပေး

အမေရိကန်နိုင်ငံက အီရန်သမ္မတနိုင်ငံကို တိုက်ခိုက်ပါက အီရန်က ဒေသတွင်းရှိ အမေရိကန်နဲ့ ဆက်စပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တိုက်ခိုက်မယ်လို့ သြဇာတိက္ကမရှိသော အီရန်...

အမေရိကန်နိုင်ငံက အီရန်သမ္မတနိုင်ငံကို တိုက်ခိုက်ပါက အီရန်က ဒေသတွင်းရှိ အမေရိကန်နဲ့ ဆက်စပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တိုက်ခိုက်မယ်လို့ သြဇာတိက္ကမရှိသော အီရန် ဘာသာရေးခေါင်း ဆောင်တစ်ဉီးက သောကြာနေ့မှာ သတိပေးခဲ့ပါတယ်။အမေရိကန်နိုင်ငံက အီရန်သို့ စစ်ရေယာဉ်အုပ် စေလွှတ်ခဲ့ပေမယ့် အသုံးမပြုရဖို့ မျှော်လင့်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။“ဒေသတွင်း အမေရိကန်နိုင်ငံ ရင်းနှီးမြှုပ်နှံထားတဲ့ ဒေါ်လာတစ်ထရီလီယံဟာ ကျွန်တော်တို့ ဒုံး ကျည်တွေရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေပါတယ်” လို့ အီရန် ဘာသာရေးခေါင်းဆောင် မိုဟာမက်ဂျာ ဗတ်ဟတ်ဂျ်အလီအက်ဘာရီက ပြောပါတယ်။ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရသူ လူ ၈၀၀ အား ကွက်မျက်မဲ့အစီအစဉ် ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ဒေါ် နယ်ထရမ့်ရဲ့ ပြောကြားချက်ကို အီရန် ထိပ်တန်းအစိုးရရှေ့နေ မိုဟာမက်မိုဗာဟီဒီက ငြင်းဆန်လိုက်ပါ တယ်။အီရန်နိုင်ငံမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်မှုတွေ ကြောက်မတ်ဖွယ်ရာ အသုံးပြုလာမှုကို ဆွေး နွေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ ယနေ့ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပမှာလည်းဖြစ်ပါတယ်။

news-view-count-icon

21