ဒီရာသီ MNL ပွဲစဥ် (၁၄) မှာလည်း ရှမ်းယူနိုက်တက်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ဟာ နိုင်ပွဲကိုယ်စီရခဲ့ပြီး အပေါ်အောက် (၁) မှတ်အကွာနဲ့ ချန်ပီယံဆုအတွက် ဆက်လက်အပြိုင်ဖြစ်နေကြပါတယ်။ပွဲစဥ် (၁၄) မှာ ရှမ်းယူနိုက်တက်အသင်းက ဒဂုံစတားယူနိုက်တက်အသင်းကို (၃-၁) ဂိုး၊ ရန်ကုန်ယူနိုက်အသင်းက ဒဂုံပေါ့သ်အသင်းကို (၄-၀) ဂိုးတွေနဲ့ အသီးသီးအနိုင်ရရှိခဲ့ကြတာပါ။ ပွဲစဥ် (၁၄) အပြီးမှာ ရှမ်းယူနိုက်တက်အသင်းက ရမှတ် (၃၆) မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပြီး ရန်ကုန်ယူနိုက်တက်အသင်းက (၁) မှတ်အကွာ ရမှတ် (၃၅) မှတ်နဲ့ ဒုတိယနေရာကလိုက်ကာ ဆက်လက်ဖိအားပေးနေလျက်ရှိပါတယ်။ပွဲစဥ် (၁၅)အဖြစ် ရှမ်းယူနိုက်တက်အသင်းဟာ ရခိုင်ယူနိုက်တက်အသင်းနဲ့ ကစားရဖို့ရှိနေပေမဲ့ အာဆီယံကလပ်ပွဲစဥ်ကစားရမှာကြောင့် ရွှေ့ဆိုင်းရမှာဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းကတော့ ဇန်နဝါရီ (၃၀) ရက်မှာ ISPE အသင်းနဲ့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကစားမှာဖြစ်ပါတယ်။ 
Jan 25 • 3:15 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


