မြန်မာနိုင်ငံသားတွေအတွက် ယာယီခိုလှုံခွင့်အစီအစဉ် (TPS) ဖျက်သိမ်းမှုကို ရပ်တန့်ဖို့ ဖက်ဒ ရယ် တရားသူကြီးတစ်ဉီးက သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ကို ညွှန်ကြားလိုက်ပါတယ်။ချီကာဂိုမြို့ရှိ အမေရိကန် ခရိုင်တရားသူကြီး မတ်သယူးကန်နက်လီရဲ့ အမိန့်ဟာ အမေရိကန်နိုင်ငံ မှာနေထိုင်တဲ့ မြန်မာနိုင်ငံသား ၄,၀၀၀ ခန့်အတွက် နေရပ်ပြန်ပို့မယ့်အစီအစဉ်ကို ယာယီ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီနိုယမ်ရဲ့ မြန်မာနိုင်ငံမှ အခြေချနေထိုင်သူတွေအတွက် ယာယီခို လှုံခွင့် အဆုံးသတ်ဖို့ဆုံးဖြတ်ချက်ဟာ အခြေအမြစ်မရှိဘူးလို့ တရားသူကြီးက ပြောပါတယ်။မြန်မာနိုင်ငံသားတွေအတွက် ယာယီခိုလှုံခွင့်ဟာ ဇန်နဝါရီလ ၂၆ ရက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး သက်တမ်းမကုန်ခင် ၃ ရက်အလိုမှာ တရားသူကြီးက အခုလို အမိန့်ချခဲ့ပြီး နောက်တစ်ကြိမ် ကြား နာမှုကို ဖေဖော်ဝါရီလ ၆ ရက်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေ ရှိခဲ့တယ်လို့ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေး အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။အမေရိကန်အစိုးရရဲ့ ခိုလှုံခွင့်နဲ့နေထိုင်သူတွေကို ပြည်တော်ပြန်ပို့မယ့် ဆုံးဖြတ်ချက်ဟာ ယာယီခို လှုံခွင့်အစီအစဉ် (TPS) နဲ့နေထိုင်သူတွေအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။



