မကွေးတိုင်းဒေသကြီး၊ချောက်ခရိုင်၊ရေနံချောင်းမြို့၊တွင်းကုန်းရပ်ကွက်၊တွင်းကုန်းရပ်၌မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏စီစဥ်ကြီးကြပ်မှုဖြင့်
မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်တွင်စိုက်ပျိုးခဲ့သည့်သစ်ပင်များအားပူပြင်း
ခြောက်သွေ့သောနွေရာသီကာလသို့ရောက်ရှိတော့မည်ဖြစ်သောကြောင့်၂၀၂၆ခု နှစ်ဇန်နဝါရီလ၂၄ရက်နေ့ ယနေ့နံနက်၀၈၃၀နာရီအချိန်၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊
လမ်းဘေးဝဲ/ယာစိုက်ခင်းတွင်မိုးလွန်ကာလစုပေါင်းရေလောင်းပွဲတော်အခမ်းအနားကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။အဆိုပါအခမ်းအနားသို့မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊သစ်တော
ဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊ကျေးရွာနေပြည်သူများ၊စုစုပေါင်းအင်အား၂၅၀ဦးခန့်တက်ရောက်ခဲ့ကြပြီးသစ်ပင်စုပေါင်းရေလောင်းပွဲတွင်ယူကလစ် (၅၀၀)၊ခရေ (၂၅၀)၊တမာ (၅၀၀)၊ဗန်ဒါ (၂၅၀)၊ကုက္ကို (၂၅၀)၊မယ်ဇယ်(၂၅၀)စုစုပေါင်း(၂,၀၀၀)ပင်တို့အားစုပေါင်းရေလောင်းခဲ့ပါကြောင်းသိရသည်။


