back

စင်ကာပူတွင် ကိုယ်ဝန် ၈ လနဲ့ MRT စီးတာ ထိုင်ခုံမရလို့ TikTok တင်လိုက်ရာကနေ အကြီးအကျယ် ဝေဖန်ခံနေရ

Jan 25 • 2:41 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူတွင် ကိုယ်ဝန် ၈ လနဲ့ MRT စီးတာ ထိုင်ခုံမရလို့ TikTok တင်လိုက်ရာကနေ အကြီးအကျယ် ဝေဖန်ခံနေရ

စင်ကာပူနိုင်ငံ MRT ရထားလိုင်းတစ်ခုပေါ်မှာ ကိုယ်ဝန် ၈ လရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးက သူမကို ဘယ်သူမှ ထိုင်ခုံနေရာမပေးတဲ့အပြင် ခရီးသည်တွေက ဖုန်းတွေကိုပဲ အာရုံစိုက...

စင်ကာပူနိုင်ငံ MRT ရထားလိုင်းတစ်ခုပေါ်မှာ ကိုယ်ဝန် ၈ လရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးက သူမကို ဘယ်သူမှ ထိုင်ခုံနေရာမပေးတဲ့အပြင် ခရီးသည်တွေက ဖုန်းတွေကိုပဲ အာရုံစိုက်နေဟန်ဆောင်နေကြတယ်လို့ TikTok ပေါ်မှာ ဗီဒီယိုတင်ပြီး ဝေဖန်လိုက်ရာကနေ ဒီသတင်းဟာ လူပြောများလာတာ ဖြစ်ပါတယ်။Katie လို့ အမည်ရတဲ့ အဆိုပါ အမျိုးသမီးဟာ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ၁၂ စက္ကန့်စာ clip တစ်ခုကို တင်ခဲ့တာဖြစ်ပြီး အဲ့ဒီဗီဒီယိုထဲမှာ ထိုင်နေတဲ့ခရီးသည်တွေကို လိုက်လံရိုက်ပြထားပါတယ်။ သူမက "ကိုယ်ဝန် ၈ လရှိနေတာတောင် ဘယ်သူမှ ထိုင်ခုံမပေးဘူး၊ အားလုံးက ဖုန်းကြည့်နေသလိုမျိုး ဟန်ဆောင်နေကြတယ်၊ စင်ကာပူ MRT က ကြိုဆိုပါတယ်" ဆိုတဲ့ စာသားနဲ့အတူ သူမရဲ့ မကျေနပ်မှုကို ဖော်ပြခဲ့တာပါ။ ဒီဗီဒီယိုဟာ ကြည့်ရှုသူ ၂ သိန်းကျော်ရှိသွားပြီး မှတ်ချက်ပေါင်း ၆၀၀ နီးပါး ရရှိခဲ့ပါတယ်။ဒီဖြစ်ရပ်အပေါ် အင်တာနက်အသုံးပြုသူတွေကြားမှာ အမြင်နှစ်မျိုး ကွဲပြားနေပါတယ်။ တချို့ကတော့ သူမကို ကိုယ်ချင်းစာပြီး MRT ရထားပေါ်မှာ ဦးစားပေးထိုင်ခုံ (Priority Seats) တွေ ရှိနေပါလျက်နဲ့ ဘာလို့ ထိုင်ခုံ မဖယ်ပေးဘဲအခုလို တုံ့ပြန်နေကြတာလဲလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အများစုကတော့ ဒီအမျိုးသမီးဟာ "အခွင့်အရေးလိုချင်လွန်းသူ (Entitled)" ဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။ "လူတွေက စိတ်ကိုဖတ်နိုင်တဲ့သူတွေ မဟုတ်ဘူး၊ နေရာလိုချင်ရင် မရှက်ဘဲ တောင်းဆိုပါ၊ အထူးဝန်ဆောင်မှုမျိုး လိုချင်ရင်တော့ တက္ကစီပဲ စီးသင့်တယ်" လို့လည်း တချို့က တုံ့ပြန်ထားကြပါတယ်။

news-view-count-icon

3