back

ဘားအံမှာ တူးမြောင်းအတွင်း ရေဆင်းကူးတဲ့ လူ ငယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

Jan 25 • 2:37 AM

breaking-news

မြန်မာ

ကရင်

cover

ဘားအံမှာ တူးမြောင်းအတွင်း ရေဆင်းကူးတဲ့ လူ ငယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ကရင်ပြည်နယ်၊ဘားအံမြို့၊ စိုက်ပျိုးရေး သိပ္ပံ အ နောက်ဘက် တူးမြောင်းအတွင်း ရေဆင်းကူးတဲ့ အ သက်၁၃ နှစ်အရွယ်လူငယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇန်...

ကရင်ပြည်နယ်၊ဘားအံမြို့၊ စိုက်ပျိုးရေး သိပ္ပံ အ နောက်ဘက် တူးမြောင်းအတွင်း ရေဆင်းကူးတဲ့ အ သက်၁၃ နှစ်အရွယ်လူငယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၄ ရက် နေ့လည် ၁ နာရီအချိန်က ရေ ဆင်းကူးရာကနေပျောက်ဆုံးသွားတာကြောင့် မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်)က သွားရောက် ရှာဖွေပေးခဲ့ရတယ်လို့ အသင်းက အသိ ပေးထားပါတယ်။ ပျောက်ဆုံးနေတဲ့ ကလေးငယ်ရဲ့ရုပ်အလောင်းကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ကရင်ပြည်နယ်နဲ့အတူ ရေငုပ်ရှာကူညီရှာဖွေပေးခဲ့ပြီး ဘားအံပြည်သူ့ဆေး ရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

news-view-count-icon

15