back

စင်ကာပူ Chinatown တွင် CCTV သုံးလုံးကြားမှာ ဒူးရင်းသီးခိုးဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ဦး

Jan 25 • 2:36 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူ Chinatown တွင် CCTV သုံးလုံးကြားမှာ ဒူးရင်းသီးခိုးဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ဦး

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့၊ Stomp သတင်းဌာနရဲ့ ဖော်ပြချက်အရ စင်ကာပူနိုင်ငံ Chinatown ဧရိယာ Teo Hong Road မှာရှိတဲ့ "99 Old Trees Durian" ဆိုင်မှာ ဒေါ်လာ ၆၄...

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့၊ Stomp သတင်းဌာနရဲ့ ဖော်ပြချက်အရ

စင်ကာပူနိုင်ငံ Chinatown ဧရိယာ Teo Hong Road မှာရှိတဲ့ "99 Old Trees Durian" ဆိုင်မှာ ဒေါ်လာ ၆၄ ဖိုး တန်ဖိုးရှိတဲ့ ဒူးရင်းသီး နှစ်ဘူး ခိုးယူခံခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်၊ ဒီဖြစ်စဉ်ကို ဆိုင်ရှင်ဖြစ်သူက စီစီတီဗွီမှတ်တမ်းနဲ့တကွ ဟာသနှောပြီး လူမှုကွန်ရက်မှာ ပြန်လည်ဝေမျှခဲ့တာ ဖြစ်ပါတယ်။အမှုဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်ဝန်းကျင်က အမျိုးသားတစ်ဦးဟာ ဆိုင်ရှေ့မှာ ပြသထားတဲ့ ဒူးရင်းသီး နှစ်ဘူးကို ယူဆောင်ပြီး ဆိုင်ထဲကို ဝင်လာခဲ့ပါတယ်။ ဆိုင်ထဲက ပထမစီစီတီဗွီမှာ သူကိုင်လာတဲ့ ဒူးရင်းသီးတွေ ပျောက်ကွယ်သွားသလို ဖြစ်နေပေမဲ့ ဆိုင်မှာ လျှို့ဝှက်တပ်ဆင်ထားတဲ့ တတိယမြောက် စီစီတီဗွီမှာတော့ အဲဒီအမျိုးသားဟာ ဆိုင်ထဲအဝင်မှာပဲ ဒူးရင်းသီးဘူးတွေကို အိတ်ထဲ အသာလေး ထိုးထည့်လိုက်တာကို အထင်အရှား မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်၊၊ ဒီလုပ်ရပ်ကို ဆိုင်ရှင်က "မျက်လှည့်ပြသွားတာပဲ" လို့ နောက်ပြောင်ပြီး ပြောဆိုထားပါတယ်။ဆိုင်ဘက်ကတော့ ကျူးလွန်သူကို နောင်မှာ ဒီလိုမျိုး ထပ်မလုပ်ဖို့အတွက် အခွင့်အရေး တစ်ကြိမ်ပေးချင်တယ်လို့လည်း ဆိုထားပါတယ်။

news-view-count-icon

8