back

နေပြည်တော်တွင် နံနက်စောစော မြန်မာ့ရိုးရာမုန်ပြားသလက် စားသုံးသူများ၍အရောင်းသွက်ဟုဆို

Jan 25 • 2:34 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်တွင် နံနက်စောစော မြန်မာ့ရိုးရာမုန်ပြားသလက် စားသုံးသူများ၍အရောင်းသွက်ဟုဆို

နေပြည်တော်မြို့နယ်များရှိ ရပ်ကွက်ကျေးရွာများတွင် နံနက်အစောစာ အစားအသောက်များတွင် မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် မုန့်ပြားသလက်များကို စားသုံးသူများသဖြင့်‌ အရေ...

နေပြည်တော်မြို့နယ်များရှိ ရပ်ကွက်ကျေးရွာများတွင် နံနက်အစောစာ အစားအသောက်များတွင် မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် မုန့်ပြားသလက်များကို စားသုံးသူများသဖြင့်‌ အရောင်းသွက်နေကြောင်း မုန့်ပြားသလက်ရောင်းချသူတစ်ဦးမှ ပြောသည်။မုန့်ပြားသလက်တစ်ခုလျှင် ဆိုင်အများစုမှာ ၂၀၀ ကျပ်သာရောင်းချကြပြီး ဆင်းရဲချမ်းသာမရွေးစားနိုင်သော မြန်မာ့သရေစာမုန့်တစ်မျိုးလည်းဖြစ်သည်။ တစ်ရက်လျှင် ဆန်(၄)ပြည်ကို ကြိတ်ရောင်းလေ့ရှိကြပြီး တစ်ရက်အမြတ်ငွေ ၁၀,၀၀၀ ကျော်ကျန်ကြောင်း မုန့်ပြားသလက်ရောင်းသူများထံမှ သိရသည်။"မုန့်ပြားသလက်ဝယ်စား ၆ဝဝ လောက်ပေးလိုက်ရင် သုံးခုရတယ်၊ ကလေးလည်းဗိုက်ပြည့် မိဘလည်း အကုန်အကျသက်သာ အဆင်မပြေဘူးလား”ဟု ကလေးမိဘတစ်ဦးမှ ပြောသည်။

news-view-count-icon

28