စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်မှာ ဇန်နဝါရီလ ၁၃ရက်ကတည်းက နှစ်ဖက်တိုက်ပွဲ ငြိမ်သက်နေပြီး ပြည်သူတချို့လည်း မြို့ကိုပြန်လည်ဝင်ရောက် နေထိုင်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်က ကသာမြို့ပေါ်မှာရှိတဲ့ အမှတ်-၃ အခြေခံပညာအထက်တန်းကျောင်းကို ဖွင့်လှစ်လိုက်တာကြောင့် ကျောင်းသားမိဘတွေအနေနဲ့ မြို့ကိုပြန်လည် ဝင်ရောက်နေထိုင်လာကြတာလို့ ကသာဒေသခံတစ်ဦးက ပြောပါတယ်။လတ်တလောမှာတော့ ကသာမြို့ကို ပြန်လည်ဝင်ရောက်နေထိုင်တဲ့ ဒေသခံအရေအတွက်ကို အတိအကျမသိရသေးပေမဲ့ သုံးထောင်ကျော်လောက် ရှိနိုင်တယ်လို့ သူကခန့်မှန်းပါတယ်။
Jan 25 • 2:31 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


