ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာရှိတဲ့ နေရပ်စွန့်ခွာရသည့်ကလေးတွေကို ရမ်းဗြဲလူငယ်ကွန်ရက်က စိတ်ပိုင်းဆိုင်ရာ သွားရောက်ကုစားပေးခဲ့တယ်လို့ သိရပါတယ်။ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေပြုလုပ်တဲ့ အခုအစီအစဉ်ကို ဆရာအောင်ရဲခန့်က ဦးဆောင်ခဲ့တာဖြစ်တယ်လို့ ရမ်းဗြဲလူငယ်ကွန်ရက်ကဇန်နဝါရီလ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။“ပံ့ပိုးကူညီပီးကြပါသော ဝေဟင်အောင်ဖောင်ဒေးရှင်း၊ ပြည်တွင်းပြည်ပမှ အလှူရှင်များအား ရမ်းဗြဲလူငယ်ကွန်ရက်မှ ဂါရဝထားမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်”လို့လည်း ဖော်ပြထားပါတယ်။
Jan 25 • 2:29 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 15 | 0 | 0 | 0 |


