back

ကမ္ဘောဒီးယားနဲ့ အငြင်းပွားနေတဲ့နယ်စပ်မှာ ထိုင်းဘက်က ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ တည်ထားကိုးကွယ်

Jan 25 • 2:27 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားနဲ့ အငြင်းပွားနေတဲ့နယ်စပ်မှာ ထိုင်းဘက်က ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ တည်ထားကိုးကွယ်

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အငြင်းပွားနေတဲ့ နယ်စပ်ဒေသမှာ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို တည်ထားလိုက်ပြီလို့ ထိုင်းစစ်တပ်က ဇန်နဝါရီ ၂၄ ရက်၌ အတည်ပြုလိုက်ကြောင်း အေအက်ဖ်ပ...

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အငြင်းပွားနေတဲ့ နယ်စပ်ဒေသမှာ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို တည်ထားလိုက်ပြီလို့ ထိုင်းစစ်တပ်က ဇန်နဝါရီ ၂၄ ရက်၌ အတည်ပြုလိုက်ကြောင်း အေအက်ဖ်ပီသတင်းဌာနက ရေးသားဖော်ပြပါတယ်။ပြီးခဲ့တဲ့လက ထိုင်းတို့ဘက်က အန်မာ (An Ma) လို့ခေါ်ပြီး ကမ္ဘောဒီးယားဘက်က အန်ဆက်စ် (An Ses) လို့ခေါ်တဲ့ နယ်စပ်ဒေသမှာရှိတဲ့ ဟိန္ဒူနတ်ဘုရားဖြစ်တဲ့ ဗိဿနိုး (Vishnu) ရုပ်တုကို ထိုင်းစစ်တပ်က ဖျက်ဆီးခဲ့ပါတယ်။ ကမ္ဘောဒီးယားဘက်က ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပေမဲ့ ထိုင်းဘက်ကတော့ ဒါဟာ နယ်မြေစိုးမိုးရေးအတွက် လုပ်ဆောင်ရတာဖြစ်ပြီး ဘာသာရေးအရ စော်ကားလိုစိတ်မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ အခု ဇန်နဝါရီ ၂၁ ရက်မှာတော့ ထိုင်းဘက်က အဲဒီနေရာမှာ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို အစားထိုးစိုက်ထူလိုက်တာဟာ အပစ်အခတ်ရပ်စဲရေးရဲ့ တင်းမာမှုလျှော့ချရေး လုပ်ငန်းစဉ်နဲ့ ကိုက်ညီမှုမရှိဘူးလို့ ကမ္ဘောဒီးယားဘက်က စွပ်စွဲလိုက်ပါတယ်။

news-view-count-icon

33