back

မကွေးတိုင်း၊အောင်လံမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကျင်းပ

Jan 25 • 2:43 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊အောင်လံမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့ နံနက် ၁၀...

မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ က အလှဆုံးပန်းများပွင့်ကြပြီ တေးသီချင်းဖြင့်သီဆိုဖျော်ဖြေ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် မှတ်တမ်းလွှာ များအသီးသီးပေး အပ်ချီးမြှင့်ကာ အမှတ်(၃)အခြေခံပညာကျောင်းမှကျောင်းသား၊ ကျောင်းသူများကပညာဘဏ်တိုက် စာကြည့် တိုက်သို့သွားကြစို့ သီချင်းဖြင့်ကပြဖျော်ဖြေ၍ အခမ်းအနား ကိုရုပ်သိမ်းခဲ့သည်။

news-view-count-icon

23