back

ပြန်လည်စည်ကားလာသည့် မိုးကုတ်မြို့ မဏိမင်္ဂလာ ကျောက်မျက်ရတနာဈေး

Jan 25 • 2:08 AM

breaking-news

မြန်မာ

မန္တလေး

cover

ပြန်လည်စည်ကားလာသည့် မိုးကုတ်မြို့ မဏိမင်္ဂလာ ကျောက်မျက်ရတနာဈေး

မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းပိုင်းအား အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လမ်းကြောင်းများ ပြန်လည်ပွင့်လင်းလာမှုနှင့်အတူ မိုးကုတ်မြို့၏ အထင်ကရ မဏိမင်...

မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းပိုင်းအား အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လမ်းကြောင်းများ ပြန်လည်ပွင့်လင်းလာမှုနှင့်အတူ မိုးကုတ်မြို့၏ အထင်ကရ မဏိမင်္ဂလာ ကျောက်မျက်ရတနာဈေး သည် ပြန်လည်စည်ကားလာပြီ ဖြစ်သည်။ နေရပ်ပြန်လာကြသည့် မြို့သူမြို့သားများဖြင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်လာခြင်းကြောင့် ရပ်တန့်နေခဲ့သော ကျောက်မျက်ဈေးကွက်သည်လည်း သိသိသာသာ ပြန်လည်နိုးထလာခဲ့သည်။ ဒေသခံများအနေဖြင့် မိမိတို့၏ နေအိမ်များတွင် စိတ်အေးချမ်းသာစွာ ပြန်လည်အခြေချနေထိုင်ရင်း မိသားစုစီးပွားရေးလုပ်ငန်းများ အရင်ကဲ့သို့ ပုံမှန်ပြန်လည် အဆင်ပြေလာနေသည့် မြင်ကွင်းများကို တွေ့မြင်ရကြောင်း သိရှိရပါသည်။

news-view-count-icon

28