ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု (Online Scam) လုပ်ငန်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့ပြီး မြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၆၇၅ ဦးအနက် ပထမအသုတ်အဖြစ် ၁၃၆ ဦးကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းကာ အွန်လိုင်းလိမ်လည်မှုများကို အလေးထားတိုက်ဖျက်လျက်ရှိပြီး ပြစ်မှုကျူးလွန်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သူများကို ဖော်ထုတ်အရေးယူခြင်းများအပြင်၊ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေသည့် နိုင်ငံခြားသားများကိုလည်း ဥပဒေနှင့်အညီ စစ်ဆေးကာ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။
Jan 25 • 2:06 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 12 | 0 | 0 | 0 |


