နေပြည်တော်တွင် ဇန်နဝါရီ ၂၄ရက်က
အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား နည်းပညာထောက်ပံ့ပေးနိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ ဝါးမှချည်မျှင်ထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အသုံးချသုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လက်မှုလုပ်ငန်းဖြစ်သည့် အိုး၊ အိမ်အမိုးအုတ်ကြွပ်များ ထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး အမြောက်အမြား ထုတ်လုပ်နိုင်ရေးအတွက် ဝန်ကြီးဌာနရှိ နည်းပညာများကို မျှဝေပေးရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီး ဌာနအနေဖြင့် အုတ်၊ ကွန်ကရိအခြေခံအမိုးပြားများ၊ ကြွေထည်၊ မြေထည်များဖြစ်သည့် ကြွေပြား၊ ပန်းကန်များ၊ ရေအိမ်သုံးပစ္စည်းများကို ထုတ်လုပ်လျက်ရှိသဖြင့် ထုတ်လုပ်သည့်နည်းပညာများ ရှိပြီးဖြစ်ပါတယ်။အကြီးစားစက်မှုလုပ်ငန်းဖြစ်သဖြင့် တနိုင်တပိုင်အသေးစားစက်မှုလုပ်ငန်းရှင်များ အသုံးပြုနိုင်ရေးအတွက် နည်းပညာပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရှိပြီးနည်းပညာများ တိမ်ကောပျောက်ပျက် မှုမရှိစေရေးအတွက် စက်ရုံအလိုက် သင်တန်းများဖွင့်လှစ်ခြင်း၊ လက်ဆင့်ကမ်းလေ့ကျင့်သင်ကြားပေး ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျိုင်းတုံဒေသရှိ အိမ်အမိုးအုတ်ကြွပ် ထုတ်လုပ်သည့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောနည်းပညာများကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ပံ့ပိုးဆောင်ရွက် ပေးမည့်အစီအမံများကိုလည်း လက်တွေ့အခြေအနေနှင့် ကိုက်ညီမှုရှိအောင် ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြေထည်လုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်တွင်းလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အိမ်အမိုးအုတ်ကြွပ်ထုတ်လုပ်သည့်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်တွင်းစက်မှုလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များကို ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ပါတယ်။


